[Burmese text follows]
14 August 2023.
The Centre for Law and Democracy (CLD) and the Hope Organization are today launching a baseline Study on Access to Information in Myanmar: Changes in How Health CSOs Access Information. The Study, which relied on a survey of 60 CSOs operating in Myanmar, assessed the state of access to health information since the 1 February 2021 coup. Some of the key findings were that 91% of respondents indicated that they feel less safe accessing information than before the coup, 85% found it more difficult to access information and 75% had changed the way they accessed information.
“This is the first empirical survey of changes in access to information in Myanmar since the coup, and it provides unprecedented insight into those changes”, said Toby Mendel, Executive Director of CLD. “While the results vary by survey question, the overall conclusion is clear: it has become more dangerous and more challenging to access both information in general and the core professional information health CSOs need to do their work.”
The Study contains a wealth of detailed information about access of CSOs to health information. 92% of respondents indicated that information was only partially reliable, including due to the spreading of propaganda and false information by official sources. However, 77% said they had the means to validate information, mainly via other CSOs, trusted local contacts and peer-to-peer networks. A very concerning 60% indicated that they could not access the information they needed to do their work including, in some cases, because they were not willing to ask the government for information in “sensitive” cases. A number of respondents noted security measures they were taking currently, for example installing better digital security systems. Some of these highlight the repressive nature of the current situation in Myanmar, such as using different devices when leaving the home, changing SIM cards and social media accounts regularly, and hiding or removing apps on their devices.
The Study is available in English and Burmese.
For further information, please contact:
Toby Mendel
Executive Director
Centre for Law and Democracy
Email: toby@law-democracy.org
+1 902 431-3686
www.law-democracy.org
Twitter: @law_democracy
၁၄ ဩဂုတ်လ ၂၀၂၃
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း သတင်းအချက်အလက်ရယူမှုကို ကနဦးလေ့လာဆန်းစစ်ခြင်း
ဥပဒေနှင့် ဒီမိုကရေစီရေးရာဌာန (Centre for Law and Democracy (CLD)) နှင့် The Hope Organization တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း သတင်းအချက်အလက်ရယူမှုကို လေ့လာဆန်းစစ်ခြင်း – ကျန်းမာရေးဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းများ၏ သတင်းအချက်အလက်ရယူမှုအပြောင်းအလဲ ကနဦးလေ့လာဆန်းစစ်မှုအစီရင်ခံကို ယနေ့တွင် ထုတ်ပြန်ပါသည်။ ဤလေ့လာဆန်းစစ်မှုတွင် ပြည်တွင်းလူထုအခြေပြုအဖွဲ့အစည်း ၆၀ ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကြုံတွေ့ရသည့် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်ရယူမှု အခြေအနေများကို အဓိကထား လေ့လာထားခြင်းဖြစ်သည်။ လေ့လာဆန်းမှုအရတွေ့ရှိသည့် ထင်ရှားသောအချို့အချက်များအနေနှင့် အာဏာသိမ်းမှု မဖြစ်ခင်နှင့် ဖြစ်ပြီး အခြေအနေကို နှိုင်းယှဉ်ရာတွင် ဖြေဆိုသူများ၏ ၉၁% က ယင်းတို့အနေနှင့် သတင်းအချက်အလက်များကို ရယူရာတွင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုံခြုံမှုပိုမိုကင်းမဲ့လာကြောင်း၊ ၈၅% က သတင်းအချက်အလက်များ ရယူရန် ပိုမိုခက်ခဲလာကြောင်းနှင့် ၇၅% က ယင်းတို့၏ သတင်းအချက်အလက်ရယူသည့် ပုံစံနည်းလမ်းများကို ပြောင်းလဲရကြောင်း စသည်တို့ကို တွေ့ရှိရသည်။
CLD ၏ အမှုဆောင်ဒါရိုက်ဖြစ်သူ Toby Mendel က “ဒီလေ့လာဆန်းစစ်မှုဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်ရယူခြင်းနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို နည်းလမ်းတကျနဲ့ပြုလုပ်တဲ့ ပထမဆုံး စစ်တမ်းဖြစ်ပြီး ထိုပြောင်းလဲမှုများအပေါ် တမူထူးခြားတဲ့ အမြင်တွေကို ပေးစွမ်းနိုင်မှာပါ“ “အချို့တွေ့ရှိချက်တွေက စစ်တမ်းမှာအသုံးပြုတဲ့ မေးခွန်းတွေအပေါ်မူတည်ပြီး ကွဲပြားပြောင်းလဲမှုရှိနိုင်သော်လည်းပဲ အဓိကတွေ့ရှိချက်တော့ ရှင်းလင်းပါတယ် – အဲဒါကတော့ သာမာန်ပြည်သူလူထုအတွက်ရော ကျန်းမာရေးကိစ္စဆောင်ရွက်ပေးနေသူတွေအတွက်ပါ သတင်းအချက်အလက်တွေရယူတဲ့ နေရာမှာ အန္တရာယ်ပိုများလာပြီး ပိုမို ခက်ခဲလာတယ်ဆိုတာပါပဲ“
ဤလေ့လာဆန်းစစ်မှုတွင် လူထုအဖွဲ့အစည်းများအနေနှင့် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်ရယူခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကျယ်ပြန့်စွာတွေ့နိုင်ပါမည်။ ဖြေဆိုသူ ၉၂% က ယင်းတို့ ရရှိသော သတင်းအချက်အလက်များသည် တစိတ်တပိုင်းသာ ယုံကြည်ရပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း တရားဝင်သတင်းရင်းမြစ်များ ကိုယ်တိုင်က ဝါဒဖြန့်ခြင်းနှင့် သတင်းမှားဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လာသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် ဖြေဆိုသူ ၇၇% က ယင်းတို့တွင် ထိုသတင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရန် နည်းများရှိကြသည်ဟုဆိုကြပြီး အများစုမှာ အခြားအဖွဲ့အစည်းများ၊ ယုံကြည်စိတ်ချရသော ဒေသခံအဆက်သွယ်များနှင့် ချိတ်ဆက်ထားသော ဒေသကွန်ရက်များကို မေးမြန်း၍ တိုက်ဆိုင်စစ်ဆေးကြသည်ဟု ဆိုကြသည်။ အလွန်စိုးရိမ်ရသည့်တွေ့ရှိချက်တခုမှာ ဖြေဆိုသူ ၆၀% က ယင်းတို့ လုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရယူနိုင်ခြင်းမရှိ ဆိုသည့် တွေ့ရှိချက်ဖြစ်ပြီး အချို့အခြေအနေများတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးကို လိုအပ်သော သတင်းအချက်အလက်များ တောင်းဆိုခြင်းသည်ပင် ‘အကဲဆတ် ထိရှလွယ်သော’ အန္တရာယ်ရှိသည့်အခြေအနေတရပ်ကဲ့သို့ ဖြစ်နေခြင်းပင်။ ဖြေကြားသူအချို့၏ အဆိုအရ လက်ရှိအချိန်တွင် ယင်းတို့၏ လုံခြုံရေးအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးနည်းစနစ်များကို အသုံးပြုနေကြရသည်။ ပြည်သူလူထုအနေနှင့် အပြင်သို့ သွားလာသည့်အခါတိုင်း ဖုန်းအပိုများကို ယူဆောင်သွားရခြင်း၊ SIM ကဒ်များနှင့် လူမှုကွန်ရက် အချက်အလက်များကို ပြောင်းလဲအသုံးပြုရခြင်းနှင့် Application များကို ဖွက်ခြင်း၊ ဖျက်ခြင်းများကို ဆောင်ရွက်ခြင်းဖြင့် ယင်းတို့ လုံခြုံရေးအတွက် အလွန်သတိထား နေထိုင်သွားလာနေကြရပြီး အထက်ပါ တွေ့ရှိချက်များသည် မြန်မာနိုင်ငံအတွင်းတွင် လက်ရှိဖြစ်ပွားနေသည့် ဆိုးရွားသည့် ဖိနှိပ်မှုများကို မီးမောင်းထိုးပြလျှက်ရှိပါသည်။
ဤ အနှစ်ချုပ်မှတ်စုကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနှင့် ဖတ်ရှုနိုင်ပါသည်။